Thursday, December 3, 2015

သရဏဂုံနှင့် သီလဆိုင်ရာလင်္ကာများ

           သရဏဂုံ(၃)ပါး
(ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ။)

မြတ်ဘုရားဂုဏ် ပွားများထုံ ကြည်ယုံဆည်းကပ်လျှင် ၊
ဆင်းရဲကွယ်ပ ချမ်းသာရ ဒုက္ခလွတ်ကင်းစင်၊
ထိုဂုဏ်တော်မြတ် စိတ်ဝယ်မှတ် အမြဲဆည်းကပ်မည်။

မြတ်တရားဂုဏ် ပွားများထုံ ကြည်ယုံဆည်းကပ်လျှင် ၊
ဆင်းရဲကွယ်ပ ချမ်းသာရ ဒုက္ခလွတ်ကင်းစင်၊
ထိုဂုဏ်တော်မြတ် စိတ်ဝယ်မှတ် အမြဲဆည်းကပ်မည်။

သံဃာမြတ်ဂုဏ် ပွားများထုံ ကြည်ယုံဆည်းကပ်လျှင် ၊
ဆင်းရဲကွယ်ပ ချမ်းသာရ ဒုက္ခလွတ်ကင်းစင်၊
ထိုဂုဏ်တော်မြတ် စိတ်ဝယ်မှတ် အမြဲဆည်းကပ်မည်။
           
       သီလသိက္ခာပုဒ်လင်္ကာများ

*သူ့သက်သတ်ခြင်း ညှင်းဆဲခြင်း 
  မယွင်းရှောင်ပါမည်၊ အရိယာလည်း 
  ထို့တူဘဲ အမြဲရှောင်ကြသည်။

*သူများဥစ္စာ မခိုးပါ သေခြာစောင့်ထိမ်းမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲစောင့်ထိမ်းသည်။

*ကာမဂုဏ်မှုမှာ မဖောက်ပြန်ပါ သေခြာ
  စောင့်ထိမ်းမည်၊ အရိယာလည်း ထို့တူဘဲ 
  အမြဲစောင့်ထိမ်းသည်။ 
*မေထုန်မှုမှာ မပြုပါ သေခြာစောင့်ထိမ်းမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲစောင့်ထိမ်းသည်။

လိမ်ညာပြောကာ မနေပါ သေခြာစောင့်ထိမ်းမည်၊
အရိယာလည်း ထို့တူဘဲ အမြဲစောင့်ထိမ်းသည်။

အရက်သေစာ မသောက်ပါ သေခြာစောင့်ထိမ်းမည်၊
အရိယာလည်း ထို့တူဘဲ အမြဲစောင့်ထိမ်းသည်။

မူးယစ်သေစာ မသုံးပါ သေခြာစောင့်ထိမ်းမည်၊
အရိယာလည်း ထို့တူဘဲ အမြဲစောင့်ထိမ်းသည်။

နေလွဲညစာ မစားပါ သေခြာစောင့်ထိမ်းမည်၊
အရိယာလည်း ထို့တူဘဲ အမြဲစောင့်ထိမ်းသည်။

ဆိုက၍သာ မနေပါ သေခြာစောင့်ထိမ်းမည်၊
အရိယာလည်း ထို့တူဘဲ အမြဲစောင့်ထိမ်းသည်။
ပန်းနှင့်နံ့သာ မခြယ်ပါ သေခြာစောင့်ထိမ်းမည်၊
အရိယာလည်း ထို့တူဘဲ အမြဲစောင့်ထိမ်းသည်။

မြင့်မြတ်နေရာ မနေပါ သေခြာစောင့်ထိမ်းမည်၊
အရိယာလည်း ထို့တူဘဲ အမြဲစောင့်ထိမ်းသည်။

အားလုံးသတ္တ၀ါ ဝေနေယျာ မေတ္တာပွားကာ
နေပါ့မည်၊ အရိယာလည်း ထို့တူဘဲ အမြဲ နေကြသည်။

ကိုယ်ကျင့်တရား ဤကိုးပါး မမှားစောင့်ထိမ်းမည်၊
သီလလုံမှ နိဗ္ဗာန်ရ ဒုက္ခလွတ်ကင်းမည်။

...........မူကွဲလင်္ကာများ......

*သူ့သက်သတ်မှု ညှင်းဆဲပြု ယခုရှောင်ပါမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲရှောင်ကြသည်။

*သူ့ဥစ္စာစု ခိုးယူမှု ယခုရှောင်ပါမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲရှောင်ကြသည်။

*ကာမဂုဏ်စု ဖောက်ပြန်မှု ယခုရှောင်ပါမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲရှောင်ကြသည်။
*မေထုန်အမှု မပြုစု ယခုရှောင်ပါမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲရှောင်ကြသည်။

*လိမ်ညာပြောမှု ဒို့မပြု ယခုရှောင်ပါမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲရှောင်ကြသည်။

*သေရည်သောက်မှု ဒို့မပြု ယခုရှောင်ပါမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲရှောင်ကြသည်။
*မူးယစ်ဆေးမှု ဒို့မပြု ယခုရှောင်ပါမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲရှောင်ကြသည်။

*နေလွဲစားမှု ဒို့မပြု ယခုရှောင်ပါမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲရှောင်ကြသည်။

*သီဆိုကမှု ဒို့မပြု ယခုရှောင်ပါမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲရှောင်ကြသည်။
*ပန်းနံ့သာမှု ခြယ်သပြု ယခုရှောင်ပါမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲရှောင်ကြသည်။

*မြင့်မြတ်နေရာ မနေပါ သေခြာစောင့်ပါမည်၊
  အရိယာလည်း ထို့တူဘဲ အမြဲစောင့်ထိမ်းသည်။

* အားလုံးသတ္တ၀ါ ဝေနေယျာ မေတ္တာပွားကာ
နေပါ့မည်၊ အရိယာလည်း ထို့တူဘဲ အမြဲ နေကြသည်။

ကိုယ်ကျင့်တရား ဤကိုးပါး မမှားစောင့်ထိမ်းမည်၊
သီလလုံမှ နိဗ္ဗာန်ရ ဒုက္ခလွတ်ကင်းသည်။

တန့်ယန်းသာသနာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှ ရဟန်းတော်(၆)ပါး
အမျိုးသားတစ်ဦး အမျိုးသ္မီးနှစ်ဦးတို့နှင့် မိုင်းရယ်မြို့မှ သံဃာတော်
နှစ်ပါးတို့သည် (၂၈/၁၁/၂၀၁၅)မှ (၃/၄/၂၀၁၅)အထိ(၆)ရက်
တိုင် တိုင် ကျင်းပခဲ့သော အမျိုးဘာသာသာသနာစောင့်ရှောက်
ရေးအဖွဲ့(ဗဟို)ဧ။်ဦးဆောင် ဦးရွက်ပြု၍ ရှမ်းပြည်နယ်မြောက်ပိုင်း
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဧ။် စီစဉ်ကြပ်မတ်၍
မူဆယ်မြို့ ဇေတ၀န်ကျောင်းတိုက်၌ ပဉ္စမအကြိမ်မြောက်ကျင်းပ
သော သာသနာပြုစွမ်းရည်မြှင့်တင်ရေး လက်တွေ့အသုံးချ ဥပ ဒေ
အ ခြေခံသင် တန်းနှင့် မီဒီယာဘ လော်ဂါသင် တန်းကို တက်ရောက်
သင်ကြားခဲ့ကြသည်။