မဟာသတိပဌာနသုတ်၌လာသော
ကိုးသင်္ချိုင်းရှုကွက်များ
****နိဒါန်း အမှာစကား *****
ကိုးသင်္ချိုင်းရှုကွက်ဟူသည် မိမိတို့ဧ။်ကိုယ်ခန္ဓာ အတ္တဘောကိုဖြစ်စေ လိင်မတူသော ၀ိသဘာဂ ကိုယ်ခန္ဓာအတ္တဘောကိုဖြစ်စေ တဏှာ မာန ဒိဌိတို့ဖြင့် တပ်မက်မှုများပြေပျောက်စေရန် အတွက်သင်္ချိုင်း၌စွန့်ပစ် ထားသော သူသေများကို မိမိတို့ တပ်နှစ်သက်မိသော ကိုယ်ခန္ဓာ အတ္တဘောနေရာ၌အစားထိုးကာ ရှုမှတ်ခြင်း ဖြစ်သည်။
သင်္ချိုင်း၌ တွေ့ရှိရနိုင်သော အလောင်းကောင်ကိုးမျိုးနှင့် ဥပမာပေးထားသောကြောင့်လည်း “န၀ သိဝထိကပဗ္ဗ” ကိုးသင်္ချိုင်းရှုကွက်ဟူ၍ ဆိုထားခြင်းဖြစ်သည်၊ အကယ်၍ မိမိက သမာဓိနည်းသေး၍ သူသေအလောင်းကောင်ဧ။်
ပုံသဏ္ဍာန်ကို အာရုံပြုနိုင်ရန်ခက်ခဲပါက သူသေ အလောင်းကောင်ရှိရာသင်္ချိုင်းသို့ သွားရောက်ကြည့်ရှုပြီး ရှုမှတ်ပွားများနိုင်သည်၊ သို့မဟုတ်မိမိနေရာ၌နေလျှက်ပင် အလောင်းကောင် အသုဘမျိုးစုံကို အာရုံပြု၍ ရှုမှတ် နိုင်စွမ်းရှိပါက မိမိနေရာ၌နေလျှက်ပင် ကိုးသင်္ချိုင်း ရှုကွက်များကို ရှုမှတ်ပွားများနိုင်သည်။
လောကီဂိုဏ်းဆရာများသည် သင်္ချိုင်း(၉)ခု၌
လှည့်လည်၍ တရားထိုင်လျှင် အစွမ်းထက်သည်
ဟုလက်ခံယုံကြည်ကြသော်လည်း ဤ န၀ သိဝထိက ပဗ္ဗလာ ကိုးသင်္ချိုင်းရှုကွက်များကို ရှုမှတ်ခြင်းမဟုတ်ဘဲ အခြားကမ္မဌာန်း တစ်မျိုးမျိုးကို အားထုတ်ရှုမှတ်ကြခြင်း ဖြစ်သည်ဟုသိရသည်။
အချုပ်ဆိုရသော် ဤ“ န၀ သိဝထိကပဗ္ဗ ”ခေါ်
ကိုးသင်္ချိုင်းရှုကွက်သည် သင်္ချိုင်းမြေသို့သွား၍ ရှုမှတ်ရန်သာမဟုတ်ဘဲ မိမိစိတ်ကို စွဲမက်စေ သော ၀ိသဘာဂအာရုံကို မြင်တွေ့ရာနေရာ၌ပင် ထိုဝိသဘာဂ အာရုံနေရာ၌ ဖော်ပြလတံ့သောအလောင်းကောင် ကိုးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့်အစားထိုးရှုမြင်ကာ ထိုဝိသဘာဂအာရုံမှ မိမိဧ။် တပ်မက်စွဲလန်းစိတ်များကို ခွါချနိုင်အောင် ကြိုးစားရှုမှတ်ရပါမည်၊
ထိုသို့ရှုမှတ်နိုင်အောင်လည်း အလေ့ကျင့်ပြုလုပ်
ထားရပါမည်၊ မည်မျှလှပကျော့ရှင်းနေသော ၀ိသဘာဂ အာရုံဖြစ်စေကာမူ မိမိစိတ်နှလုံးသွင်း လိုက်သည်နှင့် အသုဘရုပ်ကောင်အဖြစ် ရှုမှတ်နိုင်ပြီဆိုပါက ဤ န၀ သိဝထိကပဗ္ဗ ဆိုတဲ့ ကိုးသင်္ချိုင်းရှုကွက်ကို အတော်လေး ခရီးပေါက်သူဟုဆိုရပါမည်၊ တဏှာ မာန ဒိဌိများကိုလည်း အတော်ခေါင်းပါးအောင် ခွါချနိုင်သူဟူ၍ဆိုရပါမည်၊ ကိလေသာချုပ်ငြိမ်းရာနိဗ္ဗာန်ရဖို့ အတော်လေး ခရီးပေါက်နေသူဟုလည်း ဆိုချင်ပါသည်၊သို့သော် ကိလေသာကို အကြွင်းမဲ့ပယ် သတ်နိုင်သော ရဟန္တာ မဖြစ်သေး၍ ခရီးတော့ မဆုံးသေးပါ ၊ ဆက်လက်ကျင့်၍ အာသဝေါတရား လေးပါးတို့ချုပ်ငြိမ်းမှသာ နိဗ္ဗာန်ခရီး ပြီးဆုံးပါမည်၊ ထိုနိဗ္ဗာန်ခရီးအတွက် များစွာအထောက် အကူဖြစ်စေသော “န၀ သိဝထိကပဗ္ဗ”ခေါ် ကိုးသင်္ချိုင်း ရှုကွက်ကို လေ့လာရှုမှတ်ကြပါ ကုန်စို့ သူတော်ကောင်း အပေါင်းတို့။
******* မှတ်ချက်*******
{လူအများနားလည်စေရန် ပါဠိများကို ချန်လှပ်ထားခဲ့ပြီး စကားပြေများ ဆောင်ပုဒ်လင်္ကာ
များဖြင့် တင်ပြပေးသွားပါမည်။}
.......................
၁။ပဌမပဗ္ဗ (၀ါ) ပဌမသင်္ချိုင်းရှုကွက်
(ရှုမှတ်နည်း)
သေလွန်၍ နှစ်ရက်,သုံးရက်ရှိသဖြင့် ဖူးရောင် ညိုမဲကာ သွေးပြည်များ တစိစိယိုကျနေတဲ့ သူသေခန္ဓာကို သုဿာန်တစ သင်္ချိုင်းဝ၌ မြင်တွေ့ရသောအခါ
ငါဧ။်ခန္ဓာကိုယ်ကောင်ကြီးလည်း သွေးပြည်များ တစိစိယိုကျနေတဲ့ ဤသူသေကောင်လို စက်ဆုတ် ရွံရှာဖွယ်ပါလား၊ တစ်နေ့ ဒီလိုဖြစ်ရမှာဘဲ ဒီသဘော
တရားကို လွန်ဆန်နိုင်မည်မဟုတ်ဟု ရှုမှတ်ပွားများ၍
မိမိကိုယ်ခန္ဓာအပေါ် တပ်မက်စွဲလန်းမှုများကို
ခွါချနိုင်အောင် ကြိုးစားရမည်။
အခြားဝိသဘာဂအာရုံများအပေါ် စွဲလန်း တပ်မက် မှုများကိုလည်း ထိုနည်းတူရှုမှတ်၍ တပ်မက်စွဲလန်းမှု များကို ခွါချရမည်။
ဖူးရောင်ညိုမဲကာ သွေးပြည်များ တစိစိယိုကျ နေတဲ့ သူသေ အသုဘရုပ်အလောင်းရဲ့ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောများကိုလည်း ဉာဏ်ထဲ၌ ထင်နေ အောင်ရှုမှတ်ရမည်၊ မိမိဧ။်အသိ ဉာဏ်ထဲ၌ ဖူးရောင် ညိုမဲကာ သွေးပြည်များ တစိစိယိုကျနေတဲ့ သူသေကောင် နဲ့တူတဲ့ အသုဘရုပ်များ ပေါင်းစုထားခြင်းသဘောကို ထင်နေအောင်ရှုရမည်၊ပုဂ္ဂိုလ် သတ္တ၀ါ ငါ သူတပါး ဘာမျှမရှိဟု မြင်အောင် ရှုရမည်။ထိုအရှုခံအာရုံအပေါ်၌ တဏှာမာနဒိဌိဟူသော မည်သည့်စွဲလန်း တပ်မက်မှုမျှ မထားရ။
“ရှုမှတ်နည်းလင်္ကာအကျဉ်း”
“သူသေမြှုတ်နှံ မြေသုသာန်၌ သေလွန်ပြီး
နောက် သုံးရက်မြောက်ဝယ် ဖူးရောင်မဲညို
သွေးပြည်ယိုသည့် သူသေကောင်များ တွေ့မြင်
ငြားသော် မိမိခန္ဓာ ဆောင်ယူကာဖြင့် မဖွယ်
အသုဘ ရှုမှတ်ကြလော့”။
............................
၂။ဒုတိယပဗ္ဗ (၀ါ) ဒုတိယသင်္ချိုင်းရှုကွက်
(အကယ်၍မိမိက ပဌမသင်္ချိုင်းရှုကွက်ကိုရှု၍
တဏှာပေမစသည်တို့ကို မပယ်ခွါနိုင်သေးပါက
ဤဒုတိယသင်္ချိုင်းရှုကွက်ကိုရှု၍ တဏှာပေမ
စသည်များကို ပယ်ခွါချနိုင်အောင်ကြိုးစားရမည်။)
(ရှုမှတ်နည်း)
သင်္ချိုင်း၌စွန့်ပစ်ထားသဖြင့် ကျီး,စွန်,လင်းတ,
ဘုံပတီးငှက်,ခွေး,ကျား,သစ်,မြေခွေး နှင့် ပိုး
လောက်များစွာတို့ ခဲစားထားသောသူသေခန္ဓာကို သုဿာန်တစ သင်္ချိုင်းဝ၌ မြင်တွေ့ရ သောအခါငါဧ။်
်ခန္ဓာကိုယ်ကောင်ကြီးလည်း ကျီး,စွန်,လင်းတ, ဘုံပတီးငှက်,ခွေး, ကျား,သစ်, မြေခွေး နှင့် ပိုးလောက်များစွာတို့ ခဲစားထားသောဤသူသေကောင်လို စက်ဆုတ်ရွံရှာဖွယ်ပါလား၊ တစ်နေ့ ဒီလိုဖြစ်ရမှာဘဲ ဒီသဘောတရားကို လွန်ဆန်နိုင်မည်မဟုတ်ဟု ရှုမှတ်ပွားများ၍ မိမိကိုယ်ခန္ဓာအပေါ် တပ်မက်စွဲလန်းမှု များကို ခွါချနိုင်အောင် ကြိုးစားရမည်။
အခြားဝိသဘာဂအာရုံများအပေါ် စွဲလန်း တပ်မက် မှုများကိုလည်း ထိုနည်းတူရှုမှတ်၍ တပ်မက်စွဲလန်း မှုများကို ခွါချရမည်။
ကျီး,စွန်,လင်းတ,ဘုံပတီးငှက်,ခွေး,ကျား, သစ်,မြေခွေး နှင့် ပိုးလောက်များစွာတို့ ခဲစားထားသော သူသေခန္ဓာ အသုဘရုပ် အလောင်းရဲ့ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘော များကိုလည်း ဉာဏ်ထဲထင်နေ အောင်ရှုမှတ် ရမည်၊ မိမိဧ။်အသိဉာဏ်ထဲ၌ ကျီး,စွန်, လင်းတ, ဘုံပတီးငှက်, ခွေး,ကျား,သစ်,မြေခွေး နှင့် ပိုးလောက်များစွာတို့ ခဲစားထားသဖြင့် မတင့်တယ်သော သူသေခန္ဓာနဲ့တူတဲ့ အသုဘရုပ်များ ပေါင်းစုထားခြင်း
သဘောကိုထင်နေအောင်ရှုရမည်၊ပုဂ္ဂိုလ် သတ္တ၀ါ
ငါ သူတပါးဘာမျှမရှိဟု မြင်အောင်ရှုရမည်။
ထိုအရှုခံအာရုံအပေါ်၌ တဏှာမာနဒိဌိဟူသော မည်သည့်စွဲလန်းတပ်မက်မှုမျှမထားရ။
“ရှုမှတ်နည်းလင်္ကာအကျဉ်း”
“သူသေစွန့်ပေ သင်္ချိုင်းမြေ၌ ကျီးငှက် စွန်ငှက်
လင်းတငှက်နှင့် ဘုံပတီးခေါ်ရိုး ငှက်မျိုးတဖန်
ခွေးကျားသစ်ကြုတ် မြေခွေးယုတ်နှင့် ပိုးမျိုးစွာ
များ စားသုံးထားသည့် သူသေကောင်များ တွေ့
မြင်ငြားသော် မိမိခန္ဓာ ဆောင်ယူကာဖြင့် မဖွယ်
အသုဘ ရှုမှတ်ကြလော့”။
............................
၃။တတိယပဗ္ဗ (၀ါ) တတိယသင်္ချိုင်းရှုကွက်
(အကယ်၍မိမိက ဒုတိယသင်္ချိုင်းရှုကွက်ကိုရှု၍
တဏှာပေမစသည်တို့ကို မပယ်ခွါနိုင်သေးပါက
ဤ တတိယသင်္ချိုင်းရှုကွက်ကိုရှု၍ တဏှာပေမ
စသည်များကို ခွါချနိုင်အောင်ကြိုးစားရမည်။)
(ရှုမှတ်နည်း)
အကြောများဖြင့် ချည်နှောင်တုပ်ဆိုင်းထားပြီး
သွေးများ အသားစကျန်များ တွယ်ကပ်ပေကျံ
နေသောအရိုးစုသူသေခန္ဓာကို သုဿာန်တစသင်္ချိုင်းဝ၌ မြင်တွေ့ရသောအခါ ငါဧ။်ဤခန္ဓာ ကိုယ်ကြီးလည်း အကြောများဖြင့် ချည်နှောင်တုပ်ဆိုင်းထားပြီးသွေးသား
များနဲ့ပေကျန်နေတဲ့ ဒီအရိုးစုသူသေခန္ဓာလို စက်ဆုတ် ရွံရှာဖွယ်ပါလား၊ တစ်နေ့ ဒီလိုဖြစ်ရမှာဘဲ ဒီသဘော တရားကို လွန်ဆန်နိုင်မည်မဟုတ်ဟု ရှုမှတ်ပွားများ၍

အခြားသော ၀ိသဘာဂအာရုံများအပေါ် စွဲလန်း တပ်မက်မှုများကိုလည်း ထိုနည်းတူရှုမှတ်၍
တပ်မက်စွဲလန်းမှုများကို ခွါချရမည်။

နေသောအရိုးစုသူသေခန္ဓာ အသုဘရုပ်အပေါင်းရဲ့ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောများကို လည်း ဉာဏ်ထဲထင်နေအောင်ရှုမှတ်ရမည်၊ မိမိဧ။်အသိ ဉာဏ်ထဲ၌ အကြောများဖြင့် ချည်နှောင်တုပ်ဆိုင်းထားပြီး သွေးများ အသားစကျန်များ တွယ်ကပ်ပေကျံ
နေသောအရိုးစုသူသေခန္ဓာ အသုဘရုပ်များ ပေါင်းစုထားခြင်းသဘောကိုထင်နေအောင် ရှုရမည်၊ပုဂ္ဂိုလ် သတ္တ၀ါ ငါ သူတပါးဘာမျှမရှိဟု မြင်အောင် ရှုရမည်။ထိုအရှုခံအာရုံအပေါ်၌ တဏှာမာနဒဌိဟူသော မည်သည့်စွဲလန်းတပ်မက်မှုမျှမထားရ။
“ရှုမှတ်နည်းလင်္ကာအကျဉ်း”
“ထိုမှတဖန် ရှေ့ဆက်ပြန်က သွေးသားကြွင်း
ကျန် ပေကျံ၍လျင် အရိုးအကြော တုတ်ဖွဲ့နှော
သည့် သူသေခန္ဓာ တွေ့မြင်ပါသော် မိမိခန္ဓာ
ဆောင်ယူကာဖြင့် မဖွယ်အသုဘ ရှုမှတ်ကြ
လော့။”
........................
၎။စတုတ္ထပဗ္ဗ (၀ါ)စတုတ္ထသင်္ချိုင်းရှုကွက်
(အကယ်၍မိမိက တတိယသင်္ချိုင်းရှုကွက်ကိုရှု၍
တဏှာပေမစသည်တို့ကို မပယ်ခွါနိုင်သေးပါက
ဤစတုတ္ထသင်္ချိုင်းရှုကွက်ကိုရှု၍ တဏှာပေမ

အကြောများဖြင့် ချည်နှောင်တုတ်ဆိုင်းထားပြီး
အသားမကပ်တော့ဘဲ သွေးများပေကျံနေသော
အရိုးစုသူသေခန္ဓာကို သုဿာန်တစ သင်္ချိုင်းဝ၌ မြင်တွေ့ရသောအခါ ငါဧ။်ဤခန္ဓာကိုယ်ကြီးလည်း အကြောများဖြင့် ချည်နှောင်တုပ်ဆိုင်း ထားပြီး အသားမကပ်တော့ဘဲ သွေးများပေကျံ နေသော ဤအရိုးစုသူသေခန္ဓာလို စက်ဆုတ်ရွံရှာဖွယ်ပါလား၊ တစ်နေ့ ဒီလိုဖြစ်ရမှာဘဲ ဒီသဘောတရားကို လွန်ဆန်နိုင်မည်မဟုတ်ဟု ရှုမှတ်ပွားများ၍ မိမိကိုယ်ခန္ဓာအပေါ် တပ်မက် စွဲလန်းမှုများကို ခွါချနိုင်အောင် ကြိုးစားရမည်။
အခြားသောဝိသဘာဂအာရုံများအပေါ် စွဲလန်း တပ်မက်မှုများကိုလည်း ထိုနည်းတူရှုမှတ်၍

အရိုးစုသူသေခန္ဓာ အသုဘရုပ်အပေါင်းရဲ့ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောများကိုလည်း ဉာဏ်ထဲထင်နေအောင်ရှုမှတ်ရမည်၊ မိမိဧ။်အသိ ဉာဏ်ထဲ၌ အကြောများဖြင့် ချည်နှောင်တုပ်ဆိုင်း ထားပြီးအသားမကပ်တော့ဘဲ သွေးများပေကျံ နေသော အရိုးစုသူသေခန္ဓာဆိုတဲ့ မတင့်တယ်သောအသုဘ ရုပ်များ ပေါင်းစုထားခြင်းသဘောကိုထင်နေအောင် ရှုရမည်၊ပုဂ္ဂိုလ် သတ္တ၀ါ ငါ သူတပါးဘာမျှမရှိဟု မြင်အောင်ရှုရမည်။ ထိုအရှုခံအာရုံအပေါ်၌ တဏှာမာနဒိဌိဟူသော မည်သည့်စွဲလန်းတပ်မက်မှုမျှ မထားရ။
“ရှုမှတ်နည်းလင်္ကာအကျဉ်း”
“ထိုမှတဖန် ရှေ့ဆက်ပြန်က အကြောဖွဲ့စပ်
တုတ်နှောင်အပ်သည့် အသားစကင်း သွေးကျန်
ကြွင်းဖြင့် လိမ်းကျံ၍ထား အရိုးများကို ရွံဖွယ်
ဆဆ တွေ့မြင်ကလျှင် မိမိခန္ဓာ ဆောင်ယူ
ကာဖြင့် မဖွယ်အသုဘ ရှုမှတ်ကြလော့။”
......................
၅။ပဉ္စမပဗ္ဗ(၀ါ)ပဉ္စမသင်္ချိုင်းရှုကွက်
(အကယ်၍မိမိက စတုတ္ထသင်္ချိုင်းရှုကွက်ကိုရှု၍
တဏှာပေမစသည်တို့ကို မပယ်ခွါနိုင်သေးပါက
ဤ ပဉ္စသင်္ချိုင်းရှုကွက်ကိုရှု၍ တဏှာပေမ

အသွေးအသားများကင်း၍ အကြောများနဲ့ တုတ်
ချည်နှောင်ထားတဲ့အရိုးစုခန္ဓာကို သုဿာန်တစ သင်္ချိုင်းဝ၌ မြင်တွေ့ရသောအခါ ငါဧ။်ဤခန္ဓာ ကိုယ်ကြီးလည်း အကြောများဖြင့် ချည်နှောင် တုပ်ဆိုင်း ထားပြီး အသားမကပ်တော့ဘဲ သွေးများပေကျံနေတဲ့ ဒီအရိုးစုသူသေခန္ဓာလို စက်ဆုတ် ရွံရှာဖွယ်ပါလား၊ တစ်နေ့ ဒီလိုဖြစ်ရမှာဘဲ ဒီသဘောတရားကို လွန်ဆန်နိုင်မည်မဟုတ်ဟု ရှုမှတ်ပွားများ၍

အခြားသောဝိသဘာဂအာရုံများအပေါ် စွဲလန်း တပ်မက်မှုများကိုလည်း ထိုနည်းတူရှုမှတ်၍တပ်မက် စွဲလန်းမှုများကို ခွါချရမည်။

အရိုးစုသူသေခန္ဓာ အသုဘရုပ်အပေါင်းရဲ့ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောများကိုလည်း ဉာဏ်ထဲထင်နေအောင်ရှုမှတ်ရမည်၊ မိမိဧ။်အသိ ဉာဏ်ထဲ၌ အကြောများဖြင့် ချည်နှောင်တုပ်ဆိုင်း ထားပြီး အသားမကပ်တော့ဘဲ သွေးများပေကျံနေ သော အရိုးစုသူသေခန္ဓာဟူသော မတင့်တယ် သော အသုဘရုပ်များ ပေါင်းစုထားခြင်းသဘော ကိုထင်နေအောင်ရှုရမည်၊ပုဂ္ဂိုလ် သတ္တ၀ါ

တုတ်နှောင်အပ်သည့် သွေးသားကင်းမှု အရိုး
စုကို ရွံဖွယ်ဆဆ တွေ့မြင်ကလျှင် မိမိခန္ဓာ ဆောင်ယူကာဖြင့် မဖွယ်အသုဘ ရှုမှတ်ကြ
လော့။”
......................
၆။ဆဌမပဗ္ဗ(၀ါ) ဆဌမသင်္ချိုင်းရှုကွက်
(အကယ်၍မိမိက ပဉ္စမသင်္ချိုင်းရှုကွက်ကိုရှု၍
တဏှာပေမစသည်တို့ကို မပယ်ခွါနိုင်သေးပါက
ဤ ဆဌမသင်္ချိုင်းရှုကွက်ကိုရှု၍ တဏှာပေမ

အကြောများနဲဖွဲ့စပ်မှုမရှိဘဲ နေရာအနှံ့မှာ
ပြန့်ကျဲရောက်ရှိနေတဲ့ လက်ရိုး ခြေရိုး ခြေဖမျက်ရိုး
ခြေသလုံးရိုး ပေါင်ရိုး ခါးရိုး နံရိုး ကျောရိုး ပခုံးရိုး လည်ပင်းရိုး မေးရိုး သွားရိုး ဦးခေါင်းရိုးများကို သုဿာန်တစ သင်္ချိုင်းဝ၌ မြင်တွေ့ရသောအခါ ငါဧ။်
်ဤခန္ဓာကိုယ်ကြီးလည်း အကြောများနဲ့ ဖွဲ့စပ်မှုမရှိဘဲ နေရာအနှံ့မှာ ပြန့်ကျဲရောက်နေတဲ့ လက်ရိုး ခြေရိုး ခြေဖမျက်ရိုး ခြေသလုံးရိုး ပေါင်ရိုး ခါးရိုး နံရိုး ကျောရိုး ပခုံးရိုး လည်ပင်းရိုး မေးရိုး သွားရိုး ဦးခေါင်းရိုးများလို စက်ဆုတ် ရွံရှာဖွယ်ပါ လား၊ တစ်နေ့ ဒီလိုဖြစ်ရမှာဘဲ ဒီသဘောတရားကို လွန်ဆန်နိုင်မည်မဟုတ်ဟု ရှုမှတ်ပွားများ၍ မိမိကိုယ်ခန္ဓာအပေါ် တပ်မက်စွဲလန်း မှုများကို ခွါချနိုင်အောင် ကြိုးစားရမည်။

ခြေသလုံးရိုး ပေါင်ရိုး ခါးရိုး နံရိုး ကျောရိုး ပခုံးရိုး လည်ပင်းရိုး မေးရိုး သွားရိုး ဦးခေါင်းရိုးများဆိုတဲ့
အရိုးစုသူသေခန္ဓာ အသုဘရုပ်အပေါင်းရဲ့ ဖြစ်ခြင်း သဘော ပျက်ခြင်းသဘောများကိုလည်း ဉာဏ်ထဲ၌ ထင်နေအောင်ရှုမှတ်ရမည်၊ မိမိဧ။်အသိ ဉာဏ်ထဲ၌ အကြောများနဲဖွဲ့စပ်မှုမရှိဘဲ နေရာ အနှံ့မှာပြန့်ကျဲ ရောက်ရှိနေတဲ့ လက်ရိုး ခြေရိုး ခြေဖမျက်ရိုး ခြေသလုံးရိုး ပေါင်ရိုး ခါးရိုး နံရိုး ကျောရိုး ပခုံးရိုး လည်ပင်းရိုး မေးရိုး သွားရိုး ဦးခေါင်းရိုးများစတဲ့ မတင့်တယ်သောအသုဘ ရုပ်များနဲ့ ပေါင်းစုထားခြင်းသဘောကို ထင်နေ အောင် ရှုရမည်၊ ပုဂ္ဂိုလ် သတ္တ၀ါ ငါ သူတပါး ဘာမျှမရှိဟု မြင်အောင်ရှုရမည်။
ထိုအရှုခံအာရုံအပေါ်၌လည်း တဏှာမာနဒိဌိဟူသော မည်သည့်စွဲလန်းတပ်မက်မှုမျှမထားရ။
“ရှုမှတ်နည်းလင်္ကာအကျဉ်း”
“ထိုမှတဖန် ရှေ့ဆက်ပြန်က အကြောဖွဲ့စပ်
မတုတ်အပ်သည့် လက်ရိုး ခြေရိုး ဖမျက်ရိုးနှင့်
သလုံး,ပေါင်ရိုး ခါးရိုးတဖန် နံရိုးကျောရိုး
ပခုံးရိုးတတန် လည်ပင်း မေးသွား ဦးခေါင်း
များဟု ထိုထိုအရပ် ပြန့်ကျဲအပ်သည့် ရိုးစု
ခန္ဓာ တွေ့မြင်ပါလျှင် မိမိခန္ဓာ ဆောင်ယူကာဖြင့် မဖွယ်အသုဘ ရှုမှတ်ကြလော့။”
............................
၇။သတ္တမပဗ္ဗ(၀ါ) သတ္တမသင်္ချိုင်းရှုကွက်
(အကယ်၍မိမိက ဆဌမသင်္ချိုင်းရှုကွက်ကိုရှု၍
တဏှာပေမစသည်တို့ကို မပယ်ခွါနိုင်သေးပါက
ဤ သတ္တမသင်္ချိုင်းရှုကွက်ကိုရှု၍ တဏှာပေမ

ခရုသင်းလို ဖြူဖွေးတောက်ပြောင်နေတဲ့ အရိုးစုခန္ဓာကို သုဿာန်တစ သင်္ချိုင်းဝ၌ မြင်တွေ့ရသောအခါ ငါဧ။်
်ဤခန္ဓာကိုယ်ကြီးလည်း ခရုသင်းလို ဖြူဖွေးတောက် ပြောင်နေတဲ့ အရိုးစုခန္ဓာလို စက်ဆုတ် ရွံရှာဖွယ်ပါလား၊ တစ်နေ့ ငါခန္ဓာကိုယ်လည်း ဒီလိုဖြစ်ရမှာဘဲ ဒီသဘော တရားကို လွန်ဆန်နိုင်မည်မဟုတ်ဟု ရှုမှတ်ပွားများ၍
မိမိကိုယ်ခန္ဓာအပေါ် တပ်မက်စွဲလန်းမှုများကို ခွါချနိုင် အောင် ကြိုးစားရမည်။
အခြားဝိသဘာဂအာရုံများအပေါ် စွဲလန်း တပ်မက်မှု များကိုလည်း ထိုနည်းတူရှုမှတ်၍ တပ်မက်စွဲလန်းမှု များကို ခွါချရမည်။ ခရုသင်းလို ဖြူဖွေးတောက်ပြောင် နေတဲ့ အရိုးစုခန္ဓာဟူသော အသုဘရုပ်အပေါင်းရဲ့ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောများကိုလည်း ဉာဏ်ထဲထင်နေအောင်ရှုမှတ်ရမည်၊ မိမိဧ။်အသိ ဉာဏ်ထဲ၌ ခရုသင်းလို ဖြူဖွေးတောက်ပြောင် နေတဲ့ အရိုးစုခန္ဓာဆိုတဲ့ မတင့်တယ်သော အသုဘရုပ်များ ပေါင်းစုထားခြင်းသဘောကို ထင်နေအောင်ရှုရမည်၊ပုဂ္ဂိုလ် သတ္တ၀ါ ငါ သူတပါးဘာမျှမရှိဟု မြင်အောင် ရှုရမည်။ ထိုအရှုခံအာရုံအပေါ်၌ တဏှာမာနဒဌိဟူသော မည်သည့်စွဲလန်းတပ်မက်မှုမျှမထားရ။
“ရှုမှတ်နည်းလင်္ကာအကျဉ်း”
“ထိုမှတဖန် ရှေ့ဆက်ပြန်က ခရုသင်းလား
တောက်ပြောင်ငြားသည့် အရိုးစုခန္ဓာ တွေ့မြင်
ပါမူ မိမိခန္ဓာ ဆောင်ယူကာဖြင့် မဖွယ်
အသုဘ ရှုမှတ်ကြလော့။”
........................
၈။အဌမပဗ္ဗ(၀ါ) အဌမသင်္ချိုင်းရှုကွက်
(အကယ်၍မိမိက သတ္တမသင်္ချိုင်းရှုကွက်ကိုရှု၍
တဏှာပေမစသည်တို့ကို မပယ်ခွါနိုင်သေးပါက
ဤ အဌမသင်္ချိုင်းရှုကွက်ကိုရှု၍ တဏှာပေမ

သေလွန်ပြီး တနှစ်ကျော်ကာလရှည်ကြာသဖြင့် ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ အရိုးစုခန္ဓာကို သုဿာန်တစ သင်္ချိုင်းဝ၌ မြင်တွေ့ရသောအခါ ငါဧ။်ဤကိုယ်ခန္ဓာကြီး လည်း သေလွန်ပြီးတနှစ်ကျော်ကာလရှည်ကြာသဖြင့် ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ ဤအရိုးစုခန္ဓာလို စက်ဆုတ် ရွဲရှာဖွယ်ပါလား၊ တစ်နေ့ ဒီလိုဖြစ်ရမှာဘဲ ဒီသဘော တရားကို လွန်ဆန်နိုင်မည်မဟုတ်ဟု ရှုမှတ်ပွားများ၍ မိမိကိုယ်ခန္ဓာအပေါ် တပ်မက်စွဲလန်းမှုများကို ခွါချ နိုင်အောင် ကြိုးစားရမည်။
အခြားဝိသဘာဂအာရုံများအပေါ် စွဲလန်း တပ်မက်မှု များကိုလည်း ထိုနည်းတူရှုမှတ်၍ တပ်မက်စွဲလန်းမှု များကို ခွါချရမည်။ သေလွန်ပြီး တနှစ်ကျော်ကာလ ရှည်ကြာသဖြင့် ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ အရိုးစု ခန္ဓာဟူသော အသုဘရုပ်အပေါင်းရဲ့ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောများကိုလည်း ဉာဏ်ထဲထင်နေ
အောင် ရှုမှတ်ရမည်၊ မိမိဧ။်အသိဉာဏ်ထဲ၌
သေလွန်ပြီး တနှစ်ကျော်ကာလရှည်ကြာသဖြင့် ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ အရိုးစုခန္ဓာနဲ့တူတဲ့
မတင့်တယ်သောအသုဘရုပ်များပေါင်းစုထား ခြင်းသဘောကို ထင်နေအောင်ရှုရမည်၊ပုဂ္ဂိုလ် သတ္တ၀ါ ငါ သူတပါးဘာမျှမရှိဟု မြင်အောင် ရှုရမည်။ထိုအရှုခံအာရုံအပေါ်၌ တဏှာမာနဒိဟူသော မည်သည့်စွဲလန်းတပ်မက်မှုမျှမထားရ။
“ရှုမှတ်နည်းလင်္ကာအကျဉ်း”
“ထိုမှတဖန် ရှေ့ဆက်ပြန်က နှစ်ကျော်ဟောင်း
လျှ ဆွေးမြေ့လှသည့် ရိုးစုခန္ဓာ တွေ့မြင်ပါလျင်
မိမိခန္ဓာ ဆောင်ယူကာဖြင့် မဖွယ်အသုဘ ရှုမှတ်ကြလော့။”
........................
၉။န၀မပဗ္ဗ (၀ါ) န၀မသင်္ချိုင်းရှုကွက်
(အကယ်၍မိမိက အဌမသင်္ချိုင်းရှုကွက်ကိုရှု၍
တဏှာပေမစသည်တို့ကို မပယ်ခွါနိုင်သေးပါက
ဤ န၀မသင်္ချိုင်းရှုကွက်ကိုရှု၍ တဏှာပေမ

ဆွေးမြေ့ပြီး အမှုန့်ဖြစ်နေတဲ့အရိုးစုခန္ဓာကို သုဿာန်တစ သင်္ချိုင်းဝ၌ မြင်တွေ့ရသောအခါ ငါဧ။်ခန္ဓာကိုယ်ကြီးလည်း ဆွေးမြေ့ပြီး အမှုန့်ဖြစ်နေတဲ့ ဤအရိုးစုသူသေခန္ဓာလို စက်ဆုတ် ရွဲရှာဖွယ်ပါလား၊ တစ်နေ့ ဒီလိုဖြစ်ရမှာဘဲ ဒီသဘောတရားကို လွန်ဆန်နိုင်မည်မဟုတ်ဟု ရှုမှတ်ပွား များ၍ မိမိကိုယ်ခန္ဓာအပေါ် တပ်မက်စွဲလန်းမှုများကို

ဆွေးမြေ့ပြီး အမှုန့်ဖြစ်နေတဲ့အရိုးစုခန္ဓာဟူသော အသုဘရုပ်အပေါင်းရဲ့ ဖြစ်ခြင်းသဘော ပျက်ခြင်း သဘောများကိုလည်း ဉာဏ်ထဲထင်နေအောင်ရှုမှတ် ရမည်၊ မိမိဧ။်အသိဉာဏ်ထဲ၌ ဆွေးမြေ့ပြီး အမှုန့်ဖြစ်
နေတဲ့ အရိုးစုခန္ဓာဟူသော မတင့်တယ်သောအသုဘ ရုပ်များပေါင်းစုထားခြင်းသဘောကိုထင်နေအောင် ရှုရမည်၊ပုဂ္ဂိုလ် သတ္တ၀ါ ငါ သူတပါးဘာမျှမရှိဟု မြင်အောင်ရှုရမည်။
ထိုအရှုခံအာရုံအပေါ်၌ တဏှာမာနဒိဟူသော မည်သည့်စွဲလန်းတပ်မက်မှုမျှမထားရ။
“ရှုမှတ်နည်းလင်္ကာအကျဉ်း
“ ထိုမှတဖန် ရှေ့ဆက်ပြန်က ညက်ညက်
ကျေမှု အရိုးစုခန္ဓာ တွေ့မြင်ပါလျှင် မိမိခန္ဓာ ဆောင်ယူကာဖြင့် မဖွယ်အသုဘ ရှုမှတ်ကြ
လော့”။
ပြီးပါပြီ
အာလုံးနားလည်သဘောပေါက်စွာရှုမှတ်
နိုင်ကြ၍ နိဗ္ဗာန်စခန်းသို့ အရောက်လှမ်းနိုင်ကြပါ
စေဟု ဆန္ဒပြုဆုတောင်းပေးလိုက်ပါသည်။
ဤကောင်းမှုကြောင့် ဤပို့စ်တင်သူကိုယ်တိုင်လည်း မဂ်ဖိုလ်နိဗ္ဗာန်သို့အမြန်ရောက်ရပါလိုဧ။်။
လိုအပ်မှုများရှိပါက ဤအရှင်ဧ။် လေ့လာမှု
အားနည်းချက်ကြောင့်ဖြစ်ကြောင်း ရိုးသားစွာဖြင့်
ဝန်ခံပါသည်၊ ချွတ်ချော်တိမ်းပါးမှုများတွေ့ရှိပါက
လည်း မေတ္တာရှေ့ထား၍ထောက်ပြပေးနိုင်ပါရန်
တပါတည်းတောင်းဆိုပါရစေ၊စေတနာဖြင့် အကြံပြု ထောက်ပြပေးသူမည်သူ့ကိုမဆို အထူးကျေးဇူး တင်ပါသည်။
အရှင်နန္ဒိယ(သာသနဓဇဓမ္မာစရိယ)
ကမ္ဘေဇဌာနီ၊မောရှမ်းပြည်။
..........................