Wednesday, December 30, 2015

ဘုရားဆုပန်ရာ၌ ဆုတောင်းပြည့်ရန် လိုအပ်သောအင်္ဂါရပ်များ

ဘုရားဆုပန်ရာ၌ ဆုတောင်းပြည့်ရန် လိုအပ်သောအင်္ဂါရပ်များ

မအို၊ မနာ၊ မသေတဲ့တရားကို မိမိကိုယ်တိုင် ရအောင်ရှာပြီးတော့ သတ္တ၀ါအများအားလည်း အဲဒီ မအို၊ မနာ၊ မသေတဲ့တရားကို ဟောကြား ညွှန်ပြဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားဖြစ်ရန် ဆုပန်တောင်းတတ်ကြပါ သည်။
လောကသုံးပါး၌ ဘုရားဖြစ်ရန် ဆုတောင်းသော်လည်း ဆုတောင်းတိုင်း ပြည့်စုံ သည် မဟုတ်ပါ။ အင်္ဂါရှစ်ပါးနှင့် ညီညွတ်သူမှသာ ဆုတောင်းပြည့်ကြပါသည်။ 

ယင်းအင်္ဂါရှစ်ပါးမှာ==
၁။ လူသားစင်စစ်ဖြစ်ခြင်း။
၂။ ယောက်ျားစင်စစ်ဖြစ်ခြင်း။
၃။ ဆုတောင်းချိန်၌ ရဟန္တာ ဖြစ်နိုင်လောက်သည့် အကြောင်းပါရမီ ပြည့်စုံနေခြင်း။
၎။ သက်တော်ထင်ရှား ဘုရားတစ်ဆူဆူ အထံတော်၌ ဘုရားဆုပန်ခြင်း။
၅။ ရသေ့၊ ရဟန်း တစ်မျိုးမျိုးဖြစ်ခြင်း။
၆။ သမာပတ်ရှစ်ပါး ရရှိသူဖြစ်ခြင်း။
၇။ မြတ်စွာဘုရားတို့အား အသက်ကို စွန့်လှူထားခြင်း။
၈။ ဘုရားဖြစ်ရန် ကြီးမားသော ဆန္ဒ၊ ၀ီရိယရှိခြင်းတို့ဖြစ်ပါသည်။
“သုမေဓာ ”ရသေ့သည် ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောကြောင့် “ဘုရားဖြစ်လတ္တံ့ ” ဟူသော ဗျာဒိတ်စကားကို ဒီပင်္ကရာ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခြင်း ဖြစ်လေသည်။

တရားချစ်ခင် ကျင့်ကြံအားထုတ်နေကြသော ဓမ္မမိတ်ဆွေတို့ကလည်း မအို၊ မနာ၊ မသေတဲ့တရားကို ဟောကြားညွှန်ပြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားဖြစ်ရန် ဆုပန်နိုင်ကြပြီး ဘ၀မြင့်မြတ် သထက်မြင့်မြတ်ကာ ကောင်းကျိုး ဖြာဖြာနဲ့ ပြည့် စုံကြ ပါစေ ကုန်သတည်း။
{ချမ်းမြေ့ဆရာတော်ကြီး၏ အခြေပျိုး ဗုဒ္ဓဘာသာကို ကိုးကားရေးသားပါသည်။}

      ဓမ္မပျိုးခင်းမှ ဦးသိန်းဝေဧ။်ပို့စ်ကို
           ကူးယူဖြန့်ဝေပါသည်။

       အရှင်နန္ဒိယ(သာသနဓဇဓမ္မာစရိယ)
          တပ်ဦးကျောင်း၊တန့်ယန်းမြို့။
  

No comments:

Post a Comment