၀၁။ဟေတုပစ္စယော-ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား ကျေးဇူးပြုတတ်သောတရား၎င်း။
“ရေသောက်မြစ်လျှင် ယင်းသစ်ပင်ကို စည်ပင်သမှု ကျေးဇူးပြု ဟေတုပစ္စည်းဟူ၍ခေါ်”။
(ရေသောက်မြစ်မှ အကိုင်းအခက်ကို စည်ပင်အောင်ထောက်ပံ့ပေးသကဲ့သို့ ဟိတ်ဟူသော
ရေသောက်မြစ်ခြောက်ပါးမှ ပစ္စယုပ္ပန်တရားများကို နည်းတူကျေးဇူခြင်း။)
၀၂။အာရမ္မဏပစ္စယော-အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“တောင်ဝှေးကြိုးတန်း မသန်စွမ်းကို မပင်ပန်းစေရ ထိုင်ထသမှု ကျေးဇူးပြု အာရမ္မဏပစ္စည်းဟူ၍ခေါ်”။
(တောင်ဝှေးကြိုးတန်းသည် မသန်စွမ်းသူကိုထောက်တွယ်ရာပြုသကဲ့သို့ အာရုံ၆ပါးတို့ကအာရမ္မဏိကများကို ထောက်တွယ်ရာပြုပေးဧ။်)
၀၃။အဓိပတိပစ္စယော-အကြီးမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“စကြာမင်းရှင် အုပ်စိုးသွင်သို့ ပြိုင်ယှဉ်မရှိ အုပ်စိုးဘိ အဓိပတိပစ္စည်းခေါ်”။
(စင်္ကြာမင်းသည် ပြိုင်ဘက်မရှိအောင် အုပ်စိုးသလို အဓိပတိပစ္စည်းလည်းပြိုင်ဘက်မရှိ အစိုးရသည်။)
၀၄။အနန္တရပစ္စယော-အခြားမဲ့(တဆက်ထဲအကြားမရှိ)ဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“စကြာမင်းဖျား နတ်ရွာလားသော် သားကြီးနန်းရ ဖြစ်ရပမာ ခြားရာမရှိ ကျေးဇူးပြုဘိ အနန္တရပစ္စည်းခေါ်”။
(စကြာမင်းနတ်ရွာလားသော် သားကြီးနန်းတက်ရအောင်စင်္ကြာမင်း(နတ်ရွာလားမှု)ကကျေးဇူးပြုသလို နောက်ပစ္စည်းဖြစ်တည်
နိုင်ရန် ရှေ့ပစ္စည်းကကျေးဇူးပြုပေးခြင်းသဘော။)
၀၅။သမနန္တရပစ္စယော-ကောင်းစွာအခြားမဲ့(တဆက်တည်း အကြားမရှိ)ဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“စကြာမင်းဖျား တောထွက်သွားသော်သားကြီးနန်းရ ဖြစ်ရပမာ ခြားရာမရှိကျေးဇူးရှိ သမနန္တရပစ္စည်းခေါ်”။
(စင်္ကြာမင်းတောထွက်သွားက သားကြီးနန်းတက်ရသလို ရှေ့ပစ္စည်းကနောက်ပစ္စည်းဖြစ်ပေါ်စေရန်ကျေးဇူးပြုခြင်း)
၀၆။သဟဇာတပစ္စယော-အတူတကွဖြစ်၍ကျေးဇူးပြုတတ်သော တရား၎င်း။
“ဆီမီးတောက်သော် အလင်းပေါ်သို့ထို့တူတသီး ပစ္စည်းပစ္စယုပ္ပန် အတူဖြစ်မှု ကျေးဇူးပြု သဟဇာတပစ္စည်းခေါ်”။
(ဆီမီးတောက်သည်နှင့်တပြိုင်နက် အလင်းဖြစ်ပေါ်ကာကျေးဇူးပြုသလို ပစ္စည်းပစ္စုပ္ပန် အတူဖြစ်၍ကျေးဇူပြုမှုသဘော)။
၀၇။အညမညပစ္စယော-အချင်းချင်းအပြန်အလှန်ကျေးဇူးပြုတတ်သောတရား၎င်း။
“သစ်သားသုံးခွ ချင်းချင်းမသို့ ပြန်လှန်သမှု ကျေးဇူးပြု အညမညပစ္စည်းခေါ်”
(သုံးချောင်းထောက်တစ်ခု၌ရှိသော ဒုတ်သုံးချောင်းသည် အပြန်အလှန်ဖေးမထောက်ပံ့ပေးသကဲ့သို့ ပစ္စည်းပစ္စယုပ္ပန်ချင်း
ထောက်တည်နိုင်ရန်အတွက် အပြန်လှန်ကျေးဇူးပြုခြင်းသဘော။)
၀၈။နိဿဿဿဿ ယပစ္စယော-မှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“သစ်ပင်တည်ရာ မြေပမာလျှင် မှီရာတည်မှု ကျေးဇူးပြု နိဿယပစ္စည်းခေါ်”
(မြေပြင်သည် သစ်ပင်ဧ။်မှီခိုရာအဖြစ်ဖြင့်ကျေးဇူးပြုသလို ပစ္စည်းတရားသည်လည်း ပစ္စယုပ္ပန်တရားဧ။်
မှီခိုရာအဖြစ်ဖြင့် ကျေးဇူးပြုခြင်းသဘော။)
၀၉။ဥပနိဿ ယပစ္စယော-အားကြီးသောအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“မိုးကြီးပမာ သတ္တ၀ါတွေ တည်နေနိုင်မှုကျေးဇူးပြု ဥပနိဿ ယပစ္စည်းခေါ်”။
(မိုးကြီးရွာချမှုသည် သတ္တ၀ါများရှင်သန်နိုင်ရန် အားကြီးစွာအထောက်ပံ့ပေးသကဲ့သို့ ပစ္စယုပ္ပန်တရားများဖြစ်ပေါ်ရပ်တည်
နိုင်ရန် ဥပနိဿ ယပစ္စည်းဖြင့် အားကြီးစွာထောက်ပံ့ပေးခြင်းသဘော။)
၁၀။ပုရေဇာတပစ္စယော-ရှေး၌ဖြစ်နှင့်၍ကျေးဇူးပြုတတ်သောတရား၎င်း။
“ကမ္ဘာဦးက နေနှင့်လသို့ ရှေ့ဖြစ်လာငြား ထိုတရားက နောက်၌ဖြစ်မှု တရားစုကို ဖြစ်တည်သမှု ကျေးဇူးပြု ပုရေဇာတပစ္စည်းခေါ်”။
(ကမ္ဘာဦး၌ဖြစ်ပေါ်ခဲ့သောနေ,လများက နောက်ဖြစ်တဲ့တောတောင်ရေမြေသဘာဝနှင့် သတ္တ၀ါများကိုကျေးဇူးပြုသကဲ့သို့ ဦးစွာဖြစ်နှင့်သော
ပစ္စည်းတရားက နောက်မှဖြစ်တဲ့ပစ္စည်းတရားကို ကျေးဇူးပြုခြင်းသဘော။)
၁၁။ပစ္ဆာဇာတပစ္စယော-နောက်၌ဖြစ်၍ကျေးဇူးပြုတတ်သောတရား၎င်း။
“ဠင်းတငယ်သော် အစာမျှော်သို့. နောက်ပေါ်လာသည့် ပစ္စည်းတရားစုကျေးဇူးပြု ပစ္ဆာဇာတပစ္စည်းခေါ်”။
(လင်းတငယ်ဧ။်အစာမျှော်လင့်(တောင့်တမှု)က အစာစားရမှုကိုဖြစ်ပေါ်လာအောင် ထောက်ပံ့ပေးသကဲ့သို့ နောက်၌ဖြစ်မည့်ပစ္စည်းတရား
က အရင်ဖြစ်ခဲ့တဲ့ပစ္စယုပ္ပန်တရားကို ကျေးဇူးပြုခြင်းသဘော။)
၁၂။အာသေ၀နပစ္စယော-အဖန်တလဲလဲမှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“ရှေး၌ထုံထား နံ့သာလားသို့ ရှေ့ဖျားကျမ်းဂန် လေ့လာသန်လတ် နောက်ထပ်ကျမ်းဂန် အမြင်သန်သည် ဧကန်အာသေ၀နသဘောတည်း”။
(ငယ်စဉ်က ထပ်ခါထပ်ခါသင်ယူထားသောအတတ်ပညာများသည် နောက်ထပ်သင်ယူမည့်အတတ်ပညာများအတွက် အထောက်အကူ ပြုသကဲ့သို့ အဖန်ဖန်အထပ်ထပ် မှီဝဲထုံအပ်သော ပစ္စည်းတရားက ပစ္စယုပ္ပန်တရားတို့ကို ကျေးဇူးပြုခြင်းသဘော။)
၁၃။ကမ္မပစ္စယော-အကြောင်းကံဖြစ်၍ကျေးဇူးပြုတတ်သောတရား၎င်း။
“မျိုးစေ့အလား ပမာထား၍ နှစ်ပါးသောကံ အခြေခံကာ ဝေဖန်သမှု ကျေးဇူးပြုကမ္မပစ္စည်းခေါ်”။
(မျိုးစေ့သည် သစ်ပင်ရှင်သန်ဖြစ်ပေါ်ရန်ကျေးဇူးပြုသကဲ့သို့ အကြောင်းကံတရားက အကျိုးပစ္စယုပ္ပန်
တရားကို ကျေးဇူးပြုခြင်းသဘော။)
၁၄။ဝိပါကပစ္စယော-အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“ရိပ်ခိုနားနေ သွန်းလေပြေသို့ ကံနေအလား အဖြစ်များမှု ကျေးဇူးပြု ၀ိပါကပစ္စည်းခေါ်”။
(အရိပ်၌နားခိုသူအား လေပြေလေညှင်းကထပ်ဆင့်အေးမြစေသလို ကုသိုလ်တရားရဲ့အကျိုးကို
အကျိုးဝိပါက်များက ထပ်ဆင့်အထောက်ပံ့ပေးခြင်းသဘော။)
၁၅။အာဟာရပစ္စယော-ထောက်ပံ့ခိုက်ခန့်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“အိမ်ကိုကျားကန် ဖြစ်ရဟန်သို့ သဏ္ဌာန် တူစွာ ထောက်ပံ့သမှု ကျေးဇူးပြု အာဟာရပစ္စည်းခေါ်”။
(ယိုင်နဲ့နေတဲ့အိမ်ကို ကျားကန်ကာထောက်ကူပေးထားသကဲ့သို့ ပစ္စယုပ္ပန်တရားများရပ်တည်နိုင်ရန်
အာဟာရပစ္စည်းတရားများက ထောက်ပံ့ကျေးဇူးပြုခြင်းသဘော။)
၁၆။ဣန္ဒြိယပစ္စယော-အစိုးရသည်ဖြစ်၍ကျေးဇူးပြုတတ်သောတရား၎င်း။
“မိမိဆိုင်ရာ ကိစ္စမှာလျှင် ကောင်းစွာစိုးရဖြစ်ရစင်စစ် ပဒေသရာဇ် စိုးအုပ်လှစ်သို့ခေါ်တွင်သမှု ကျေးဇူးပြု ဣန္ဒြိယပစ္စည်းခေါ်”။
(ပဒေသရာဇ်မင်းများသည် မိမိပြည်သူများကို ပိုင်စိုးသကဲ့သို့ ဣနြေ္ဒပစ္စည်းတရားက မိမိဆိုင်ရာပစ္စယုပ္ပန်တရားကို ပိုင်စိုးခြင်း အစိုးရခြင်းသဘော။)
၁၇။ဈာနပစ္စယော-ကမ္မဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်ဧ။်အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား၎င်း
“သစ်ပင်တောင်ငူ တက်သောသူသည်အောက်သူတို့အား ကြည့်ပြောငြားသို့ခ်ါတွင်သမှု ကျေးဇူးပြု ဈာနပစ္စည်းခေါ်"။
(သစ်ပင်ဖျား တောင်ထိပ်ဖျားတက်သူသည် အခြားသို့အာရုံမရောက်စေဘဲ မိမိအာရုံမှာစူးစူးစိုက်စိုက်သတိနဲ့ရှုသကဲ့သို့
ဈာန်အင်္ဂါပစ္စည်းတရားက ပစ္စယုပ္ပန်တရားကို စူးစူးစိုက်စိုက်ရှုမြင်ခြင်းသဘော။)
၁၈။မဂ္ဂပစ္စယော-သံသရာမှထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“ပမာကူးတို့ ဆောင်ယူပို့သို့ ထို့တူနိဗ္ဗာန်ရောက်ကြောင်းမှန်မှု ကျေးဇူးပြု မဂ္ဂပစ္စည်းခေါ်”။
(ကူးတို့လှေသည် လှေစီးသူများကို လိုရာခရီးသို့ဆောင်ပို့ပေးသလို မဂ္ဂပစ္စည်းတရားက နိဗ္ဗာန်ကိုရောက်အောင်
ပို့ဆောင်ပေးခြင်းသဘော။)
၁၉။သမ္ပယုတ္တပစ္စယော-ယှဉ်သည်ဖြစ်၍ကျေးဇူးပြုတတ်သောတရား၎င်း။
“စတုမဓူ ရောသည့်တူပေ စိတ်စေနှစ်ပါးခွဲခြားမရ ယှဉ်ကြသမှု ကျေးဇူးပြု သမ္ပယုတ္တပစ္စည်းခေါ်”။
(စတုမဓူ၌ရောထားသောပစ္စည်းများ ခွဲခြားမရအောင် ရောနှောနေသကဲ့သို့ ပစ္စည်းပစ္စယုပ္ပန်ဟူသော
စိတ်စေတသိက်များ ခွဲမရအောင်အတူယှဉ်တွဲကာ ကျေးဇူးပြုခြင်းသဘော။)
၂၀။ဝိပ္ပယုတ္တပစ္စယော-မယှဉ်သည်ဖြစ်၍ကျေးဇူးပြုတတ်သောတရား၎င်း။
“ရသာခြောက်ပါး ရောစပ်ထားသို့ ခြားနားမတူ ဖြစ်ဟန်မူသို့ ကွဲပြားသမှုကျေးဇူးပြု ၀ိပ္ပယုတ္တပစ္စည်းခေါ်”။
(ရောစပ်ထားသောအရသာခြောက်ပါးသည် မတူကွဲပြားစွာကျေးဇူးပြုသကဲ့သို့ မတူခြားနားစွ့ာ ပစ္စည်းများက
ပစ္စယုပ္ပန်တရားများကို ကျေးဇူးပြုခြင်းသဘော။)
၂၁။အတ္ထိပစ္စယော-ထင်ရှားရှိဆဲဖြစ်၍ကျေးဇူးပြုတတ်သောတရား၎င်း။
“မြင့်မိုရ်မြေကြီး ထောက်ပံ့နည်းသို့ ပစ္စည်းသတ္တိ ကျေးဇူးရှိ အတ္ထိပစ္စည်းခေါ်”
(မြေကြီးသည် မြင့်မိုရ်တောင်(တည်ရှိရန်) ထင်ရှားစွာထောက်ပံ့ပေးသကဲ့သို့ အတ္ထိပစ္စည်းတရားက
ပစ္စယုပ္ပန်တရားကို ထင်ရှားဖြစ်၍ကျေးဇူးပြုခြင်းသဘော။)
၂၂။နတ္ထိပစ္စယော-မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“ငြိမ်းသေလေပြီး ဆီမီးတန္တု ကျေးဇူးပြုသို့ ထို့တူမှတ်ဘိ မရှိသမှု ကျေးဇူးပြုနတ္ထိပစ္စည်းခေါ်”။
(ဆီမီးငြိမ်းသေခြင်းသည် နောက်ထပ်ဆီမီးဖြစ်ပေါ်ရန်ကျေးဇူးပြုသကဲ့သို့ ဦးစွာချုပ်ပျောက်သော စိတ်စေတသိက်
ပစ္စည်းတရားများက နောက်ထပ်ဖြစ်လာမည့် စိတ်စေတသိက်ပစ္စယုပ္ပန်တရားတို့အား(ဖြစ်နိုင်ရန်နေရာဖယ်ပေးခြင်းအားဖြင့်)
ကျေး
၂၃။ဝိဂတပစ္စယော-ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား၎င်း။
“နေရောင်ပျောက်ကင်း လရောင်လင်းသို့ ချဉ်းကပ်သမှု ကျေးဇူးပြု ၀ိဂတပစ္စည်းခေါ်”။
(နေရောင်ကွယ်ပျောက်ခြင်းသည် လရောင်ဖြစ်ပေါ်ရန်ကျေးဇူးပြုသကဲ့သို့ ရှေ့ပစ္စည်းချုပ်ပျောက်မှု
သည် နောက်ပစ္စယုပ္ပန်ဖြစ်ပေါ်ရန် ကျေးဇူးပြုခြင်းသဘော။)
၂၄။အ၀ိဂတပစ္စယော-မကင်းသည်ဖြစ်၍ကျေးဇူးပြုတတ်သောတရား၎င်း။
“သမုဒ္ဒရာ ငါးပျော်ရာသို့ မကင်းသောအားယင်းတရားစု ကျေးဇူးပြု အ၀ိဂတပစ္စည်းခေါ်”။
(ငါးနှင့် သမုဒ္ဒရာသည် မကင်းရာမကင်းကြောင်းကျေးဇူးပြုသကဲ့သို့ အ၀ိဂတပစ္စည်းနှင့် ပစ္စယုပ္ပန်တရားတို့
မကင်းရာမကင်းကြောင်း ကျေးဇူးပြုခြင်းသဘော။)

No comments:
Post a Comment