Monday, January 25, 2016
ကုသိုလ်ပြုခါနီး နတ်ဗြဟ္မာ စသည်တို့ကိုဖိတ်ကြားနည်း။
* ကုသိုလ်ပြုခါနီး နတ်ဗြဟ္မာ
စသည်တို့ကိုဖိတ်ကြားနည်း။
*******************
ကုသိုလ်ပြုလုပ်ခါနီး စကြ၀ဠာအနန္တမှ နတ်
ဗြဟ္မာများကို၎င်း  ဘ၀အဆက်ဆက်က မိမိတို့နှင့်ဆွေမျိုးတော်စပ်ခဲ့ဘူးသော အဖိုး အဖွားများ အမိ အဖနှင့် ညီအစ်ကို မောင်နှမ စသည်များကို၎င်း တရားနာနိုင်ရန်နှင့် သာဓု အနုမောဒနာခေါ်ဆိုနိုင်ရန်အတွက် စနစ်တကျ ဖိတ်ခေါ်နည်းကိုပြောကြားလိုပါသည်။
     ဗုဒ္ဓဘာသာဝင် အများအတွက်လည်း အထူးလိုအပ်လှပါသည်၊ မိမိတို့က စနစ်တကျ
ဖိတ်ခေါ်အမျှပေးဝေနိုင်မှသာ မိမိတို့ရည်မှန်း
သူများ ကုသိုလ်ပြုရာသို့ လာရောက်နိုင်ပါမည်
သို့မဟုတ်ပါက ၄င်းတို့လာရောက်၍ တရားနာ
ခြင်း သာဓုခေါ်ခြင်းများပြုလုပ်ဖို့ အခက်ခဲဖြစ်
စေမည်ဖြစ်ပါသည်။
       အခြို့နေရာများမှာ ....?...များပြထား မည်ဖြစ်ရာ ထိုနေရာများ၌ မိမိတို့နှင့်သက်ဆိုင် သူများကို ထည့်သွင်းပြီးဆိုရပါမည်။
     ဖိတ်ကြားရာ၌ မိမိကိုယ်တိုင် နားလည်ရန် လိုသလို အဖိတ်ခံရသူများလည်း နားလည်ဖို့ အထူးလိုအပ်ပါသည်၊ မသိနားမလည်ဘဲ သမားရိုးကျဖိတ်နေပါက ထိရောက်မှုသိပ်မရှိနိုင်
သဖြင့် ထိထိရောက်ရောက်ဖြစ်စေလိုသဖြင့် ပါဠိ မြန်မာ နှစ်မျိုးဖြင့် တင်ပြလိုက်ပါသည်။
......................................
နတ်ဗြဟ္မာစသည်ကို တရာနာဖိတ်ခြင်း 
      ***ပါဠိလိုဖိတ်ကြားရန်***
သမန္တာ စက္က၀ါဠေသု ၊ အတြာဂစ္ဆန္တု ဒေ၀တာ ။ သဒ္ဓမ္မံ မုနိရာဇဿ ၊ သုဏန္တု သဂ္ဂမောက္ခဒံ ။ ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။(၃)ကြိမ်ဆို 
    ***မြန်မာလိုဖိတ်ကြားရန်****
(1)စကြ၀ဠာ အနန္တ၌ရှိကြကုန်သော သမ္မာဒေ၀ နတ် ဗြဟ္မာအပေါင်းနှင့်တကွ နဂါး ဂဠုံ ကုမ္ဘဏ် ယက္ခ ၀ိဇ္ဇာ ဇော်ဂျီ တပသီ အစရှိသော ပုဂ္ဂိုလ် အပေါင်းတို့ကို၎င်း ၊ အရပ်လေးမျက်နှာကို အစိုးရကုန်သော ဓတရဌ ၀ိရူဠှက ၀ိရူပက္ခ ကုဝေရ နတ်မင်းကြီးလေးပါးတို့နှင့်တကွ ကိုယ်စောင့်နတ် ကျောင်းစောင့်နတ် အိမ်စောင့် နတ် လမ်းစောင့်နတ် ရွာစောင့်နတ် မြို့စောင့် နတ် နယ်စောင့်နတ် တောစောင့်နတ် တောင် စောင့်နတ် သာသနာတော်စောင့်နတ် စေတီ တော်စောင့်နတ် ရုက္ခစိုး ဘမ္မစိုး အာကာသစိုး အစရှိသော နတ်မြတ်နတ်ကောင်း နတ်အပေါင်း တို့ကို၎င်း 
(2).....?....တိုင်းဒေသကြီး/---?---ပြည်နယ် ......?......မြို့.....?....ကျေးရွာ/ရပ်ကွက်၌ နေထိုင်ကြ၍ဘ၀တပါးသို့ပြောင်းသွားကွယ်လွန်
ကြကုန်သော ကျွနုဧ။် ဖခင်ကြီး ဦး-------? ၊မိခင်ကြီး ဒေါ်......?...၊အစ်ကိုကြီး ကို...?...
အစ်မကြီး.....?...ဆရာ/ဆရာမ....?.....
တို့နှင့်တကွ ဆွေမျိုးဥာတကာများဖြစ်ကြကုန် သော ဦး....?+ဒေါ်....?..တို့ကို၎င်း  
(3)ဘ၀အဆက်ဆက်က ကျွန်ုပ်နှင့်ဆွေမျိုး တော်စပ်ခဲ့သော အဖိုးဟောင်း အဖွားဟောင်း
အဖေဟောင်း အမေဟောင်း ညီအစ်ကို မောင် နှမဟောင်း ဆရာသမားဟောင်းတို့ကို၎င်း။
(4)ဘ၀အဆက်ဆက်က ကျွန်ုပ်နှင့်ဆွေမျိုး မတော်စပ်ခဲ့သော ပုဂ္ဂိုလ်သတ္တ၀ါ အားလုံးတို့ ကို၎င်း ဤနေရာသို့ကြွရောက်၍ တရားနာပြီး သာဓုအနုမောဒနာခေါ်ဆိုရန်အတွက် ဖိတ်ခေါ် ပါဧ။် ၊ ကျွန်ုပ်သည် ယခုအချိန်မှစ၍ ဘုရား ရှင်အား တရားဓမ္မတို့ဖြင့် ပူဇော်ပါတော့မည် ၊
ထိုတရားဓမ္မတို့ကိုနာကြား၍ သာဓုအနုမောဒနာ ခေါ်နိုင်ရန် ဤနေရာသို့ကြွရောက်ကြပါကုန် လော့ သမ္မာဒေ၀ နတ်ဗြဟ္မာအပေါင်းနှင့်တကွ
နဂါး ဂဠုံ ကုမ္ဘာန် ယက္ခ ၀ိဇ္ဇာ ဇော်ဂျီ တပသီ
အပေါင်း သူတော်ကောင်းတို့။
(5) မိဘ ဘိုးဘွား ဥာတကာ ဆွေမျိုး ဆရာ သမားအစရှိကုန်သော သူတို့သည် ဤနေရာ သို့ တရားနာလာရောက်ရန်အတွက် တစ်စုံတစ် ခုသော အခက်အခဲ အတားအဆီးရှိခဲ့သော် အရပ်လေးမျက်နှာကိုအစိုး ရကုန်သော ဓတရဌ ၀ိရူဠက ၀ိရူပက္ခ ကုဝေရဟူသော နတ်မင်းကြီး လေးပါးတို့နှင့်တကွ ကိုယ်စောင့်နတ် ကျောင်း စောင့်နတ် အိမ်စောင့်နတ် လမ်းစောင့်နတ် ရွာစောင့်နတ် မြို့စောင့်နတ် နယ်စောင့်နတ် တောစောင့်နတ် တောင်စောင့်နတ် သာသနာ တော်စောင့်နတ် စေတီတော်စောင့်နတ် ရုက္ခစိုး ဘုမ္မစိုး အာကာသစိုးအစရှိသော နတ်မြတ်နတ် ကောင်း နတ်အပေါင်းတို့က ထိုအခက်အခဲ အတားအဆီးတို့ကိုပယ်ရှားပေးပြီးလျှင်ကျွန်ုပ်ဧ။် မိဘ ဘိုးဘွားဥာတကာ ဆွေမျိုးဆရာသမား အစရှိသော ပုဂ္ဂိုလ်တို့ကို ဤနေရာဌာနသို့ ကြွရောက်၍ တရားနားပြီးသာဓုခေါ်နိုင်ရန် အတွက် ကူညီပို့ဆောင်ပေးကြပါကုန်လော့ ၊ သမ္မာဒေ၀နတ်ဗြဟ္မာအပေါင်းတို့ နှင့်တကွ နဂါး ဂဠုံ ကုမ္ဘဏ် ယက္ခ ၀ိဇ္ဇာဇော်ဂျီ တပဿီ အပေါင်းတို့ ။
(6) အို သမ္မာဒေ၀နတ်ဗြဟ္မာအပေါင်းတို့နှင့် တကွ နဂါး ဂဠုံ ကုမ္ဘဏ် ယက္ခ ၀ိဇ္ဇာဇော်ဂျီ တပဿီ အပေါင်းသူတော်ကောင်းတို့  ဤနေရာသို့ တရားနာရန်ကြွရောက်ကြပါ ကုန်လော့ ယခုအခါကာလသည်ကား မြတ်စွာ ဘုရားဧ။်တရားဓမ္မကိုနာကြားရမည့်အချိန်ကာလဖြစ်ပါသည်တကား...........
        *** ဘုရားရှိခိုခြင်း***
(7)နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ 
အ,ရဟတော-ဆိတ်ကွယ်ရာအရပ်၌သော်မှ လည်း မကောင်းမှုမှန်သမျှတို့ကို ကိုယ်အမူရာ နှုတ်အမူအရာ စိတ်အမူအရာတို့ဖြင့် ပြုတော်မမူ ပြောတော်မမူ ကြံစည်တော်မမူတတ်ပါပေ ထသော (၀ါ)အရ,ဟတော- တစ်ထောင့်ငါးရာ ကိလေသာတည်းဟူသောအတွင်းရန် ' မာရ်နတ်တို့ စိဉ္စမာနတို့ ဒေ၀ဒတ်တို့တည်း ဟူသောအပြင်ရန် ' အတွင်းရန် အပြင်ရန် ဤနှစ်တန်ကို အကြွင်းအကျန်မထား မည်သူ့ကို မှလည်း အကူအညီမခေါ်ပါဘဲနှင့် ပါရမီဘုန်း ဟုန် တံခိုးဂုဏ်တို့ဖြင့် ကောင်းစွာ အောင် တော်မူ နိုင်တော်မူ သတ်တော်မူနိုင်ပေထသော ၊ (၀ါ) အရ'ဟတော-ပဋိစ္စသမု ပ္ပါဒ် သံသရာ စက်ရဟတ်တို့ဧ။် အကန့်,အကွပ်တို့ကို ချိုးဖျက် ခုတ်ထွင် သုတ်သင်ရှင်းလင်းတော်မူတတ်ပါပေ ထသော ၊ (၀ါ)အရဟတော-လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ဧ။် ရှိခိုးရာ ပူဇော်ရာ ကိုး ကွယ်ရာအစစ် ဖြစ်တော်မူပါပေထသော ၊(၀ါ) အရဟတော-ဗြဟ္မာ နတ် လူ သုံးဘုံသူ တို့ဧ။် ပူဇော်အထူးကိုခံယူတော်မူထိုက်ပါပေထသော။ 
သမ္မာသမ္ဗုဒ္ဓဿ-သိစရာရှိသမျှ တရားဥဿုံ အလုံးစုံကို အကုန်အစင် ထိုးထွင်း၍ သိမြင် တော်မူတတ်ပါပေထသော၊(၀ါ) ဒုက္ခ,သမုဒယ,  နိရောဓနှင့် မဂ္ဂမည်မည်သာ လေးသစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်၍ သုံးဆိုင်ဗိုလ်ခြေ များဝေနေကို မသွေကိုယ့်တူ သိစေတော်မူ တတ်ပါပေထသော ၊(၀ါ) သင်္ခါရ,၀ိကာရ, လက္ခဏ,နိဗ္ဗာန်,ပညတ်ဟူသော ဉေယျငါးတန် တရားမှန်ကို ဆရာမဆို မိမိအလိုလို ကိုယ်တော်တိုင် မဖေါက်မပြန် မှန်ကန်စွာ ထိုးထွင်း၍သိမြင်နိုင်တော်မူတတ်ပါပေထသော။
ဘဂ၀တော-ကာမ,ရူပ,အရူပဟု ဘ၀သုံးပါး ၀ဋ်ရထား၌ ပြေးသွားကျင်လည်စေတတ်သော ကာမတဏှာ,ဘ၀တဏှာ,၀ိဘ၀တဏှာ တည်းဟူသော တဏှာသုံးတန်ကိုလည်း ထွေးအန်စွန့်ပယ်တော်မူတတ်ပါပေထသော ၊ (၀ါ) ဘဂ,၀တော-ဣဿရိယ,ဓမ္မ, ယဿ, သိရီ, ကာမ, ပယတ္တမည်ဘုန်းတော်ခြောက်လီ နှင့် ပြည့်စုံတော်မူတတ်ပါပေထသော၊
တဿ (တာဒိသဿ) - လာဘ,အလာဘ. စသည်ရှစ်တန် လောကဓံတို့ကြောင့်ဖေါက်ပြန် တုန်လှုပ်ခြင်းမရှိ ပကတိတည်ငြိမ်သော တာဒိ ဂုဏ်နှင့်ပြည့်စုံတော်မူသော ထိုဘုန်းတော် ခြောက်ပါးသခင် သဗ္ဗညု ဘုရားရှင် ကိုယ်တော် မြတ်ကြီးအား ၊ 
မေ-ပဌာန်းပစ္စည်းဆက်သွယ်နည်း ဖြင့် ဖွဲ့စည်း ကလာပ် ရုပ်နာမ်ဓာတ်ကို စွဲမှတ်မှည့်ခေါ်ဘုရား တပည့်တော်ဧ။် ။
(၀ါ) မေ-အမှာကံ-တရားဟောပုဂ္ဂိုလ် တရားနာ ပုဂ္ဂိုလ်ဟုဆိုအပ်ကုန်သော ထိုထိုများစွာ ငါးခန္ဓာကို သူငါသမုတ် အကျွန်ုပ်တို့ဧ။် ။
နမော-ကိုယ်,နှုတ်,နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျှော့၍ ကန် တော့မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ရခြင်းသည် ၊(၀ါ)ကာယ,၀စီ မနောချီလျှက် အဉ္ဇလီညွတ်လျှိုး လက်စုံမိုး လျှက်ရှိခိုးရခြင်းသည်၊ (၀ါ)ဘယ,လာဘ,ကုလ ကြဉ်ရှောင် ဂုဏ်တော်အပေါင်းကိုအောက်မေ့ သဖြင့် အသဲနှလုံး ဆို့ပိတ်ဖုံးလျှက် သုံးတန် စေတနာ သုံးဖြာဒွါရ ပဏာမဖြင့် ကြည်စွသဒ္ဓါ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးရခြင်းသည်၊
အတ္ထု- (ဘ၀တု) ကောင်းစွာမသွေ ဖြစ်ပါစေ သတည်းမြတ်စွာဘုရား မြတ်စွာဘုရား......။ 
(8)ယေ သန္တာ သန္တစိတ္တာ တိသရဏ သရဏာ ၊ ဧတ္ထ လောကန္တရေ ၀ါ ၊ ဘုမ္မာ,ဘုမ္မာ စ ဒေ၀ါ ၊ ဂုဏ,ဂဏ,ဂဟဏ ဗျာဝဋာ သဗ္ဗကာလံ ၊ ဧတေ အာယန္တု ဒေ၀ါ ၊ ၀ရ,ကနက,မယေ မေရုရာဇေ ၀သန္တော ၊ သန္တော သန္တောသ,ဟေတုံ ၊မုနိဝရ,၀စနံ သောတုမဂ္ဂံ သမဂ္ဂါ ။ 
          ***မြန်မာပြန်ဆိုနည်း***
ဤစကြ၀ဠာအတွင်း၌၎င်း စကြာဝဠာတစ်ပါး တို့၌၎င်း နေထိုင်ကြ၍ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သဖြင့် သူတော်ကောင်း များဖြစ်ကြပြီးလျှင် ငြိမ်သက်တည်ကြည်သော
စိတ်ရှိကြ၍ သီလစသော(သမာဓိ,ပညာ) ဂုဏ်အပေါင်းကိုရယူခြင်း၌ အခါမလပ်အားစိုက် ကြိုးပမ်းနေကြကုန်သော မြေ၌တည်ငြား ဘုမ္မစိုး နတ်များနှင့် ကောင်းကင်၌တည်ငြား နတ်ဗြဟ္မာ များတို့သည်၎င်း ၊       
    မြင့်မိုရ်တောင်ထိပ်၌နေကြသောသိကြားမင်း စသော နတ်များစွာတို့သည်၎င်း ၊ ရာဂစသည်မှ ငြိမ်းအေးကြောင်းဖြစ်သော မြတ်ဗုဒ္ဓဧ။် တရား တော်တို့ကို နာကြားနိုင်ရန်အတွက် ဤနေရာ ဌာနသို့ အညီအညွတ်ကြွရောက်ကြပါကုန်လော့ သမ္မာဒေ၀နတ်,ဗြဟ္မာ အပေါင်းနှင့်တကွ နဂါး,ဂဠုံ,ကုမ္ဘာန်ယက္ခ ၀ိဇ္ဇာ, ဇော်ဂျီ တပဿီအပေါင်းသူတော်ကောင်းတို့။
(9) သဗ္ဗေသု စက္က၀ါဠေသု ၊ ယက္ခာ ဒေ၀ါ စ ဗြဟ္မဏော ၊ ယံ အမှေဟိ ကတံ ပုညံ ၊ သဗ္ဗသမ္ပတ္တိသာဓကံ ။ သဗ္ဗေ တံ အနုမောဒိတွာ ၊ သမဂ္ဂါ သာသနေရတာ ၊ ပမာဒ,ရဟိတာ ဟောန္တု ၊ အာရက္ခာသု ၀ိသေသ,တော ။
         ****မြန်မာပြန်ဆိုနည်း****
 စကြ၀ဠာအားလုံးတို့၌နေကြကုန်သော ဘီလူး အပေါင်းနှင့် နတ်ဗြဟ္မာ အပေါင်းတို့သည် စီးစိမ်ချမ်းသာ မှန်သမျှကို ပေးစွမ်းနိုင်သော ကျွန်ုပ်တို့ပြုလုပ်ဆည်းပူးအပ်သော ကုသိုလ် အဖို့ဘာဂကို ၀မ်းမြောက်နုမော် သာဓုခေါ်ဆို ကြပြီးလျှင် မြတ်ဗုဒ္ဓဧ။်သာသနာတော်အတွင်း၌ အညီအညွတ်မွေ့လျော်စွာနေကြကုန်လော့၊ အထူးအားဖြင့် မမေ့မလျော့ မပေါ့မဆသော သတိတရားဖြင့် ကုသိုလ်ရှင် ဖြစ်ကြသော ကျွန်ုပ်တို့ကို ဘေးအန္တရာယ်များမှ တားဆီး ကာကွယ်၍ကောင်းကျိုးချမ်းသာတိုးပွါးလာ အောင် အစဉ်ထာဝရ ကူညီစောင့်ရှောက် ကြပါကုန်လော့ သမ္မာဒေ၀နတ်,ဗြဟ္မာ အပေါင်းနှင့်တကွ နဂါး,ဂဠုံ,ကုမ္ဘာန်ယက္ခ ၀ိဇ္ဇာ, ဇော်ဂျီ တပဿီအပေါင်းသူတော်ကောင်းတို့။
(10)သာသနဿ စ လောကဿ 
မြတ်ဗုဒ္ဓဧ။်သာသနာတော်ကြီးနှင့် လောက လူသားများတို့သည် အစဉ်ထာဝရ တိုးတက် စည်ပင်နိုင်ကြပါစေသတည်း။ 
(11)သာသနမ္ပိ စ လောကဉ္စ 
      ဒေ၀ါ ရက္ခန္တု သဗ္ဗဒါ ။
မြတ်ဗုဒ္ဓဧ။်သာသနာတော်ကြီးနှင့် လောက လူသားများကို နတ်ဗြဟ္မာတို့ အစဉ်ထာဝရ စောင့်ရှောက်ကြပါစေကုန်သတည်း ။ 
(12)သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ ၊ 
      ပရိဝါရေဟိ အတ္တနော ၊ 
      အနီဃာ သုမနာ ဟောန္တု ၊ 
      သဟ သဗ္ဗေဟိ ဉာတိဘိ ။ အားလုံးသောသတ္တ၀ါတို့သည် မိမိတို့ဧ။် အခြွေရံ အသင်းပင်းတို့နှင့် အတူတကွ ကိုယ်စိတ်ဆင်းရဲခြင်းမှကင်းကြကုန်လျှက်
နှစ်သက်ရွှင်လန်းစွာဖြင့် ချမ်းသာသုခ ရကြပါစေကုန်သတည်း ။
(13) ရာဇတော ၀ါ ၊ စောရတော ၀ါ ၊ မနုဿတော ၀ါ ၊ အ,မနုဿတော ၀ါ အဂ္ဂိတော ၀ါ ၊ ဥဒကတော ၀ါ ၊ 
ပိသာစတော ၀ါ ၊ ခါဏုကတော ၀ါ ၊ 
ကဏ္ဋ ကတော ၀ါ ၊ နက္ခတ္တတော ၀ါ ၊ ဇနပဒရောဂတော ၀ါ ၊ အ,သဒ္ဓမ္မတော ၀ါ ၊ အ,သန္ဒိဌိတော ၀ါ ၊ အ,သပ္ပုရိသတော ၀ါ ၊ စဏ္ဍ ဟတ္ထိ,အဿ,မိဂ,ဂေါဏ,ကုက္ကူရ, အဟိ,၀ိစ္ဆိက,မဏိသပ္ပ,ဒီပိ,အစ္ဆ,တရစ္ဆ, သူကရ,မဟိံသ,ယက္ခ, ရက္ခသာဒီဟိ ၊ နာနာဘယတော ၀ါ ၊ နာနာရောဂတော ၀ါ ၊ နာနာဥပဒ္ဒ၀ တော ၀ါ ၊ အာရက္ခံ ဂဏှန္တု ။ 
            ပါဠိမြန်မာတွဲဆိုနည်း
ရာဇတော ၀ါ -မင်း,အစိုးရကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း၊
စောရတော ၀ါ- ခိုးသူတို့ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း၊
မနုဿတော ၀ါ- လူဆိုးတို့ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း၊
အ,မနုဿတော ၀ါ- နတ်ဆိုးတို့ကြောင့် ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း၊
အဂ္ဂိတော ၀ါ- မီးကြောင့်ဖြစ်သော ဘေးအန္တ ရာယ်များမှ၎င်း၊
ဥဒကတော ၀ါ-ရေကြောင့်ဖြစ်သော ဘေးအန္တ ရာယ်များမှ၎င်း၊
ပိသာစတော ၀ါ-မြေဘုတ်ဘီလူးကြောင့်ဖြစ် သော ဘေးအန္တ ရာယ်များမှ၎င်း၊
ခါဏုကတော ၀ါ-သစ်ငုတ် ခလုတ် ကန်သင်း ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း၊
ကဏ္ဋကတော ၀ါ-ဆူးငြောင့်တို့ ကြောင့်ဖြစ် သော ဘေးအန္တရာယ်များမှ၎င်း၊
နက္ခတ္တတော ၀ါ-မကောင်းသော နက္ခတ်တို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း၊
ဇနပဒရောဂတော ၀ါ- ဇနပုဒ်၌ဖြစ်သောရောဂါ
တို့ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း၊
အသဒ္ဓမ္မတော ၀ါ-မသူတော်တို့ဧ။်အကျင့်ကြောင့်
ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း၊ အ,သန္ဒိဌိတော ၀ါ- မှားသော မိစ္ဆာအယူဝါဒ တို့ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
အ,သပ္ပုရိသတော ၀ါ- သူယုတ်မာတို့ကြောင့် ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍဟတ္ထိတော ၀ါ- ကြမ်းတမ်းသောဆင်တို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍအဿတော ၀ါ- ကြမ်းတမ်းသောမြင်းတို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍမိဂတော ၀ါ- ကြမ်းတမ်းသောသားရဲ တိရစ္ဆာန်တို့ ကြောင့်ဖြစ်သော ဘေးအန္တ ရာယ်များမှ၎င်း။
စဏ္ဍဂေါဏတော ၀ါ- ကြမ်းတမ်းသောနွားတို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍကုက္ကုရတော ၀ါ- ကြမ်းတမ်းသောခွေးတို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍအဟိတော ၀ါ- ကြမ်းတမ်းသောမြွေတို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍ၀ိစ္ဆိကတော ၀ါ- ကြမ်းတမ်းသော ကင်း မြှီးကောက်တို့ ကြောင့်ဖြစ်သော ဘေးအန္တ ရာယ်များမှ၎င်း။
စဏ္ဍမဏိသပ္ပတော ၀ါ- ကြမ်းတမ်းသော မြွေစိမ်းတို့ ကြောင့်ဖြစ်သော ဘေးအန္တ ရာယ်များမှ၎င်း။
စဏ္ဍဒီပိတော ၀ါ- ကြမ်းတမ်းသောသစ်တို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍအစ္ဆတော ၀ါ- ကြမ်းတမ်းသောဝံတို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍတရစ္ဆတော ၀ါ- ကြမ်းတမ်းသောအောင်း တို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍသူကရတော ၀ါ- ကြမ်းတမ်းသောဝက်တို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍမဟိံသတော ၀ါ- ကြမ်းတမ်းသောကျွဲတို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍယက္ခတော ၀ါ- ကြမ်းတမ်းသောဘီလူးတို့ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
စဏ္ဍရက္ခသာဒီဟိတော ၀ါ- ကြမ်းတမ်းသော ရက္ခိုက်(ရေစောင့်)ဘီလူးစသည်တို့ကြောင့် ဖြစ်သော ဘေးအန္တရာယ်များမှ၎င်း။
နာနာဘယတော ၀ါ- အမျိုးမျိုးသော ဘေးရန် အန္တရာယ်များမှ၎င်း။
နာနာရောဂတော ၀ါ- အမျိုးမျိုးသော ရောဂါများ မှ၎င်း။
နာနာဥပဒ္ဒ၀တော ၀ါ- အမျိုးမျိုးသော ဥပဒ်အန္တ ရာယ်များမှ၎င်း။
အာရက္ခံ ဂဏှန္တု -ကုသိုလ်ရှင်ဖြစ်ကြကုန်သော အကျွန်ုပ်တို့ကို ဘေးရန်များမှ ကာကွယ်တား ဆီး၍ ကောင်းကျိုးချမ်းသာ မင်္ဂလာတို့ အစဉ် တိုးပွားအောင် ကူညီစောင့်ရှောက်ကြကုန် လော့ သမ္မာဒေ၀ နတ်ဗြဟ္မာအပေါင်းနှင့်တကွ
နဂါး ဂဠုံ ကုမ္ဘန် ယက္ခ ၀ိဇ္ဇာ ဇော်ဂျီ တပဿီ အပေါင်း သူတော်ကောင်းတို့........။
     ****မြန်မာလိုဆိုနည်း*****
မင်းဘေး မင်းပြစ် မင်းဒဏ်များမှ၎င်း ၊ ခိုးသူဘေးမှ၎င်း ၊ လူဆိုးတို့ဘေးမှ၎င်း ၊ နတ်ဆိုးတို့ဘေးမှ၎င်း ၊ မီးဘေးမှ၎င်း ၊ ရေဘေးမှ၎င်း၊ မြေဘုတ်ဘီလူးဘေးမှ၎င်း ၊ သစ်ငုတ်ခလုပ် ကန်သင်းဘေးမှ၎င်း ၊
 ဆူး ညှောင့်ခလုတ်ဘေးမှ၎င်း ၊ မကောင်းသောနက္ခတ်တို့ဘေးမှ၎င်း ၊ ဇနပုဒ်၌ဖြစ်သော ရောဂါတို့ဘေးမှ၎င်း ၊ မသူတော်တို့ဧ။်အကျင့်ဘေးမှ၎င်း ၊ 
မှားသော မိစ္ဆာအယူဝါဒဘေးမှ၎င်း ၊သူယုတ်မာတို့ဧ။်ဘေးမှ၎င်း ၊ 
ကြမ်းတမ်းသောဆင်တို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောမြင်းတို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောသားရဲတိရစ္ဆာန်တို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောနွားတို့ဧ။်ဘေးမှ၎င်း။ 
ကြမ်းတမ်းသောခွေးတို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောမြွေတို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောကင်းမြှီးကောက်တို့ဧ။် ဘေးမှ၎င်း။
ကြမ်းတမ်းသောမြွေစိမ်းတို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောသစ်တို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောဝံတို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောအောင်းတို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောဝက်တို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောကျွဲတို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောဘီလူးတို့ဧ။်ဘေးမှ၎င်း။
ကြမ်းတမ်းသောရက္ခိုက်(ရေစောင့်)ဘီလူး စသည်ဧ။်ဘေးမှ၎င်း။
(အထက်ပါဘေးရန်တို့မှတပါးသော) ဘေး ရန်အမျိုးမျိုးတို့မှ၎င်း ၊ (အထက်ပါရောဂါများမှ တပါးသော) ရောဂါအမျိုးမျိုးတို့မှ၎င်း ၊ 
(အထက်ပါဥပဒ်ရန်စွယ်တို့မှ တပါးသော) ဥပဒ်ရန်စွယ် အမျိုးမျိုးတို့ မှ၎င်း (ကုသိုလ်ရှင်ဖြစ်ကြသော အကျွန်ုပ်တို့ကို) ကာကွယ်စောင့်ရှောက် တားဆီး ပေးကြပါ ကုန်လော့ သမ္မာဒေ၀နတ်ဗြဟ္မာအပေါင်းနှင့်တကွ နဂါး,ဂဠုံ, ကုမ္ဘန်,ယက္ခ ၀ိဇ္ဇာ ဇော်ဂျီ တပသီအပေါင်း သူတော်ကောင်းတို့. .......။ 
    မေတ္တာပို့ အမျှဝေနည်းကိုလည်း ဆက်လက်
ဖော်ပြရန် ကြိုးစားပါဦးမည်။
         စေတနာဖြင့် အရှင်နန္ဒိယ
No comments:
Post a Comment